MPA Logo

Marine Paint (5)Items/1-Lot နှင့် Polypropylene Rope(8)Items/1-Lot ပစ္စည်းများ ဝယ်ယူခြင်းအတွက် အိတ်ဖွင့်တင်ဒါဖိတ်ခေါ်ခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်းဌာနမှ လိုအပ်သော Polypropylene Rope(8)Items/ 1- Lot ကို ဝယ်ယူရေးကိစ္စ အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။ အဆိုပြုစျေးနှုန်း တွင် With Holding Tax 2% & Commercial Tax 5% အပါအဝင်ဖြစ်ရန် နှင့် စာချုပ် တံဆိပ်ခေါင်းခွန် အတွက်ကုမ္ပဏီမှ ကျခံ ဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ အထက်ဖော်​​​ပြပါ ပစ္စည်းများကို ဌာနအရောက်ပေးပို့ရမည် ဖြစ်ပါသည်။​

၂။ တင်ဒါတင်သွင်းရာတွင်အခွန်ဦးစီးဌာနမှသက်ဆိုင်ရာစည်းကြပ်နှစ်အလိုက် ထုတ်ပေးသည့် အခွန် ကင်းရှင်းကြောင်း ထောက်ခံချက်(မိတ္တူ)၊ တင်ဒါစပေါ်ငွေပေးသွင်း ပြေစာ(မိတ္တူ) ၊ သက်တမ်းရှိ ကုမ္ပဏီ/ အရောင်းဆိုင်၏လိုင်စင်(မိတ္တူ)နှင့်အဆိုပြု စျေးနှုန်း တင်သွင်းမည့် ပစ္စည်း၏ Specification/ Catalogue နှင့် ပစ္စည်းနမူနာ တို့ကို ပြည့်စုံစွာ ပူးတွဲတင်ပြရမည်ဖြစ်ပါသည်။ အထက်ပါ အချက်အလက်များ ပြည့်စုံစွာ ပူးတွဲ တင်ပြထားခြင်း မရှိပါက ဆိုဈေးအား လက်ခံ စဉ်းစားမည် မဟုတ်ပါ။

၃။ တင်ဒါတင်သွင်းရာတွင် ငွေကျပ် ၂,၀၀၀,၀၀၀/-(ကျပ် သိန်း နှစ်ဆယ် တိတိ) ကို တင်ဒါစပေါ်ငွေ အဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ၊ စာရင်းဌာနတွင် ၁၄၂၀၂၄ ရက်နေ့ ၊ (၁၅:၀၀) နာရီ နောက်ဆုံး ပေးသွင်းရန်ဖြစ်ပါသည်။

၄။ တင်ဒါတင်သွင်းရန်ပုံစံနှင့်တင်ဒါစည်းကမ်းချက်များကို တစ်စုံလျှင်ကျပ် ၁၀,၀၀၀/-နှုန်းဖြင့် (၈-၅-၂၀၂၄) ရက်နေ့မှစ၍(၁၄-၅-၂၀၂၄)ရက်နေ့(ရုံးဖွင့်ရက်၊ရုံးချိန်)အတွင်း ဗဟိုပစ္စည်းထိန်းဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗိုလ်တထောင်ဘုရားအနောက်ဖက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး၊ ကမ်းနား လမ်း တွင် လာရောက်ဝယ်ယူနိုင်ပါသည်။

၅။ တင်ဒါတင်သွင်းရမည့်နေရာ၊ နေ့ရက်နှင့် အချိန်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) တင်ဒါတင်သွင်းရမည့်နေရာ – မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊
ပထမထပ်၊ အစည်းအဝေးခန်းမ၊ အမှတ်(၁၀)၊
ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်။
(“ဥက္ကဌ၊တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်”ဟု လိပ်မူ တင်သွင်းရန် ဖြစ်သည်)
(ခ) တင်ဒါတင်သွင်းရမည့်             –

နောက်ဆုံးနေ့ရက်/အချိန်

၁၆-၅-၂၀၂၄ရက်နေ့၊(၁၃:၀၀နာရီ) (အဆိုပါ သတ်မှတ် ချိန် ထက်ကျော်လွန်ပါကလုံးဝလက်ခံမည်မဟုတ်ပါ)