MPA Logo

M.S Plate 8′ x 4′ x 9 mm (25) Sheets , M.S Angle 5″ x 3″ x ¼” (2.5)Ton နှင့် M.S Angle 3″ x 3″ x ¼” (2)Ton တို့ကို ဝယ်ယူရေးကိစ္စအတွက် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်ခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ကျောက်ဖြူဆိပ်ကမ်းမှ ဝယ်ယူပေးရန်မှာကြားလာသည့် M.S Plate 8′ x 4′ x 9 mm (25) Sheets , M.S Angle 5″ x 3″ x ¼” (2.5)Ton နှင့် M.S Angle 3″ x 3″ x ¼” (2)Ton တို့ကို ဝယ်ယူရေးကိစ္စအတွက် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။အဆိုပြု စျေးနှုန်းတွင် With Holding Tax 2% &Commercial Tax 5% အပါအဝင်ဖြစ်ရန်နှင့်စာချုပ် တံဆိပ်ခေါင်းခွန် အတွက် ကုမ္ပဏီမှကျခံဆောင်ရွက်ပေးရန်ဖြစ်ပါသည်။အထက်ဖော်ပြပါပစ္စည်းများကိုဌာန အရောက်ပေးပို့ရမည် ဖြစ်ပါသည်။​

၂။ တင်ဒါတင်သွင်းရာတွင်အခွန်ဦးစီးဌာနမှ သက်ဆိုင်ရာ စည်းကြပ်နှစ် အလိုက် ထုတ်ပေးသည့် အခွန် ကင်းရှင်းကြောင်း ထောက်ခံချက်(မိတ္တူ)၊ တင်ဒါစပေါ်ငွေ ပေးသွင်းပြေစာ (မိတ္တူ)၊ ကုမ္ပဏီ/အရောင်းဆိုင်၏သက်တမ်းရှိလိုင်စင်(မိတ္တူ)နှင့် အဆိုပြုစျေးနှုန်း တင်သွင်းမည့်ပစ္စည်း၏ အမျိုးအစားတို့ကိုပြည့်စုံစွာပူးတွဲတင်ပြရမည်ဖြစ်ပါသည်။အထက်ပါ အချက်အလက်များ ပြည့်စုံစွာ ပူးတွဲ တင်ပြထားခြင်း မရှိပါက ဆိုဈေးအား လက်ခံစဉ်းစားမည် မဟုတ်ပါ။

၃။ တင်ဒါတင်သွင်းရာတွင်ငွေကျပ် ၅၀၀,၀၀၀/-(ကျပ် ငါးသိန်းတိတိ)ကို တင်ဒါ စပေါ်ငွေအဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာနတွင် ၁၆၂၀၂၄ ရက်နေ့၊ (၁၅:၀၀)နာရီ  နောက်ဆုံး ပေးသွင်း ရန် ဖြစ်ပါသည်။

၄။ တင်ဒါတင်သွင်းရန်ပုံစံနှင့်တင်ဒါစည်းကမ်းချက်များကို တစ်စုံလျှင်ကျပ်၂,၀၀၀/- နှုန်းဖြင့်(၉-၇-၂၀၂၄) ရက်နေ့မှစ၍ (၁၆-၇-၂၀၂၄)ရက်နေ့ (ရုံးဖွင့်ရက်၊ရုံးချိန်)အတွင်း ဗဟိုပစ္စည်းထိန်းဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ဗိုလ်တထောင်ဘုရား အနောက်ဖက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး၊ ကမ်းနားလမ်းတွင် လာရောက်ဝယ်ယူနိုင်ပါသည်။

၅။ တင်ဒါတင်သွင်းရမည့်နေရာ၊ နေ့ရက်နှင့် အချိန်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) တင်ဒါတင်သွင်းရမည့်နေရာ – မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊
ပထမထပ်၊ အစည်းအဝေးခန်းမ၊ အမှတ်(၁၀)၊
ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်။
(” ဥက္ကဌ၊တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်” ဟု လိပ်မူ တင်သွင်းရန် ဖြစ်သည်)
(ခ) တင်ဒါတင်သွင်းရမည့်           –

နောက်ဆုံးနေ့ရက်/အချိန်

၁၈-၇-၂၀၂၄ရက်နေ့၊(၁၃:၀၀နာရီ) (အဆိုပါသတ်မှတ်ချိန်ထက် ကျော်လွန်ပါက လုံးဝလက်ခံမည်မဟုတ်ပါ)