၁။ MIP, AWPT, HPT & MITT ဆိပ်ကမ်းများရှိ တစ်နှစ်ကျော်နှင့် စွန့်လွှတ်လေလံကုန်သေတ္တာ (၂၄)လုံးအတွင်းရှိ Household Goods (MELAMINE), Water Pump, Heater, Roofing Nails, Luggage Cases (Raw Material), Rock Salt Form, M.S Pipe, Frozen False, Pigment Raw Material for Paint Industry, မော်တော်ဆိုင်ကယ်ဘက်ထရီအိုးမျိုးစုံ၊ အထွေထွေလူသုံးကုန် ပစ္စည်းများနှင့် LCL Shipment (၈)ခုတို့အား လက်ရှိ မျက်မြင်အခြေအနေအတိုင်း (၂၈-၁၁-၂၀၂၄) ရက်နေ့(၁၃:၀၀)နာရီအချိန်တွင် အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် လေလံတင်ထုခွဲရောင်းချမည်ဖြစ်ပါသည်။
၂။ တင်ဒါပုံစံနှင့်တင်ဒါစည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ဗဟိုပစ္စည်းထိန်း ဌာန၊ ကမ်းနားလမ်း(ဗိုလ်တထောင်ဘုရား၊ အနောက်ဘက်၊ကွန်ကရစ်လမ်း၊ Toll Gate အနီး) ဗိုလ်တထောင် မြို့နယ်၊ရန်ကုန်မြို့တွင် ၁၂-၁၁-၂၀၂၄ ရက်နေ့မှ ၂၆-၁၁-၂၀၂၄ ရက်နေ့အထိ ရုံးဖွင့်ရက်/ရုံးချိန်အတွင်း ဆက်သွယ်ဝယ်ယူနိုင်ပြီး အသေးစိတ်သိရှိလိုပါကတယ်လီဖုန်းအမှတ်၊ ၀၁-၈၆၁၀၂၃၀ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။