၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်းဌာန၊ စစ်တွေ ဆိပ်ကမ်း နှင့် မော်လမြိုင်ဆိပ်ကမ်း တို့တွင် အသုံးပြုရန်လိုအပ်သော Battery (With Acid) (5) Items ကို ဝယ်ယူရေးကိစ္စအတွက် အိတ်ဖွင့် တင်ဒါ တင်သွင်းရန် ဖိတ်ခေါ် အပ်ပါသည်။ အဆိုပြုစျေးနှုန်း တွင် With Holding Tax 2% & Commercial Tax 5% အပါအဝင်ဖြစ်ရန် နှင့် စာချုပ်တံဆိပ်ခေါင်းခွန်အတွက်ကုမ္ပဏီမှကျခံ ဆောင် ရွက်ပေးရန်ဖြစ်ပါသည်။ အထက်ဖော်ပြပါ ပစ္စည်းများကို ဌာနအရောက် ပေးပို့ရမည်ဖြစ်ပါသည်။
၂။ တင်ဒါတင်သွင်းရာတွင် အခွန်ဦးစီးဌာနမှ သက်ဆိုင်ရာ စည်းကြပ်နှစ် အလိုက် ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်းထောက်ခံချက်(မိတ္တူ)၊ တင်ဒါ စပေါ် ငွေ ပေးသွင်း ပြေစာ (မိတ္တူ)၊ ကုမ္ပဏီ/ အရောင်းဆိုင်၏ လိုင်စင်(မိတ္တူ)နှင့် အဆိုပြု စျေးနှုန်းတင်သွင်းမည့် ပစ္စည်း၏ အမျိုးအစား တို့ကို ပြည့်စုံစွာ ပူးတွဲ တင်ပြရမည်ဖြစ်ပါသည်။ အထက်ပါ အချက် အလက်များပြည့်စုံစွာ ပူးတွဲတင်ပြထား ခြင်း မရှိပါက ဆိုဈေး အား လက်ခံစဉ်းစားမည် မဟုတ်ပါ။
၃။ တင်ဒါတင်သွင်းရာတွင် ငွေကျပ် ၃၀၀,၀၀၀/-(ကျပ် သုံးသိန်း တိတိ) ကို တင်ဒါစပေါ်ငွေ အဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာနတွင် ၂၀–၅–၂၀၂၂ ရက်နေ့ ၊ (၁၅:၀၀)နာရီ နောက်ဆုံး ပေးသွင်း ရန် ဖြစ်ပါသည်။
၄။ တင်ဒါတင်သွင်းရန်ပုံစံနှင့်တင်ဒါစည်းကမ်းချက်များကိုတစ်စုံလျှင်ကျပ် ၅,၀၀၀/-နှုန်းဖြင့်(၁၃-၅-၂၀၂၂)ရက်နေ့မှစ၍(၂၀-၅-၂၀၂၂)ရက်နေ့ (ရုံးဖွင့်ရက်၊ရုံးချိန်)အတွင်း ဗဟိုပစ္စည်းထိန်းဌာန၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ ဗိုလ်တထောင်ဘုရား အနောက်ဖက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး၊ ကမ်းနား လမ်း တွင် လာရောက်ဝယ်ယူနိုင်ပါသည်။
၅။ တင်ဒါတင်သွင်းရမည့်နေရာ၊ နေ့ရက်နှင့် အချိန်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) | တင်ဒါတင်သွင်းရမည့်နေရာ – | မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊ |
ပထမထပ်၊ အစည်းအဝေးခန်းမ၊ အမှတ်(၁၀)၊ | ||
ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်။ | ||
(“ဥက္ကဌ၊တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ | ||
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်” ဟု လိပ်မူ တင်သွင်း
ရန် ဖြစ်သည်) |
||
(ခ) | တင်ဒါတင်သွင်းရမည့် –
နောက်ဆုံးနေ့ရက်/အချိန် |
၂၄-၅-၂၀၂၂ရက်နေ့၊(၁၃:၀၀နာရီ) (အဆိုပါသတ်မှတ်ချိန်ထက်ကျော်လွန်ပါကလုံးဝလက်ခံမည်မဟုတ်ပါ) |