၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ရေကြောင်းဌာနမှလိုအပ်သောTowing Rope & Polypropylene Rope (7) Items / 1- Lot ကို ဝယ်ယူရေးကိစ္စအတွက် အိတ်ဖွင့် တင်ဒါ တင်သွင်းရန် ဖိတ်ခေါ် အပ်ပါ သည်။အဆိုပြုစျေးနှုန်းတွင် With Holding Tax 2% & Commercial Tax 5% အပါအဝင်ဖြစ်ရန် နှင့် စာချုပ် တံဆိပ်ခေါင်းခွန်အတွက် ကုမ္ပဏီမှ ကျခံဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ အထက် ဖော်ပြပါ ပစ္စည်း များကို ဌာနအရောက် ပေးပို့ရမည် ဖြစ်ပါသည်။
၂။ တင်ဒါတင်သွင်းရာတွင်အခွန်ဦးစီးဌာနမှသက်ဆိုင်ရာစည်းကြပ်နှစ် အလိုက်ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်းထောက်ခံချက်(မိတ္တူ)၊တင်ဒါစပေါ်ငွေပေးသွင်းပြေစာ (မိတ္တူ)၊ကုမ္ပဏီ/အရောင်းဆိုင်၏လိုင်စင်(မိတ္တူ)နှင့် အဆိုပြုစျေးနှုန်းတင်သွင်းမည့်ပစ္စည်း၏ Specification/Catalogueတို့ကို ပြည့်စုံစွာပူးတွဲတင်ပြရမည်ဖြစ်ပါသည်။အထက်ပါအချက်အလက်များပြည့်စုံစွာပူးတွဲတင်ပြထားခြင်းမရှိပါကဆိုဈေးအား လက်ခံစဉ်းစားမည် မဟုတ်ပါ။
၃။ တင်ဒါတင်သွင်းရာတွင် ငွေကျပ်၂,၀၀၀,၀၀၀/-(ကျပ် သိန်းနှစ်ဆယ် တိတိ)ကိုတင်ဒါစပေါ်ငွေ အဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊စာရင်းဌာနတွင် ၁၃–၅–၂၀၂၂ ရက်နေ့ ၊ (၁၅:၀၀)နာရီ နောက်ဆုံး ပေးသွင်းရန်ဖြစ်ပါသည်။
၄။ တင်ဒါတင်သွင်းရန်ပုံစံနှင့်တင်ဒါစည်းကမ်းချက်များကိုတစ်စုံလျှင်ကျပ် ၁၀,၀၀၀/-နှုန်းဖြင့်(၆-၅-၂၀၂၂) ရက်နေ့မှစ၍ (၁၃-၅၂၀၂၂) ရက်နေ့ (ရုံးဖွင့်ရက်၊ ရုံးချိန်) အတွင်း ဗဟိုပစ္စည်းထိန်းဌာန၊ မြန်မာ့
ဆိပ်ကမ်းအာဏာပိုင်၊ ဗိုလ်တထောင်ဘုရား အနောက်ဖက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး၊ ကမ်းနား လမ်းတွင် လာရောက်ဝယ်ယူနိုင်ပါသည်။
၅။ တင်ဒါတင်သွင်းရမည့်နေရာ၊ နေ့ရက်နှင့် အချိန်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) | တင်ဒါတင်သွင်းရမည့်နေရာ – | မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊ |
ပထမထပ်၊ အစည်းအဝေးခန်းမ၊ အမှတ်(၁၀)၊ | ||
ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်။ | ||
(“ဥက္ကဌ၊တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ | ||
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်” ဟု လိပ်မူ တင်သွင်း
ရန် ဖြစ်သည်) |
||
(ခ) | တင်ဒါတင်သွင်းရမည့် –
နောက်ဆုံးနေ့ရက်/အချိန် |
၁၇-၅-၂၀၂၂ရက်နေ့၊(၁၃:၀၀နာရီ) (အဆိုပါသတ်မှတ်ချိန်ထက်ကျော်လွန်ပါကလုံးဝလက်ခံမည်မဟုတ်ပါ) |