MPA Logo

ရေကြောင်းဌာနမှ သောင်ဆွယ်ပြ ကတော့ပုံဗော်ယာ(Conical Buoy) (No-8) အား အကြီးစားစစ်ဆေးပြုပြင်ခြင်း (Renovation) လုပ်ငန်း အတွက် တင်ဒါဆိုဈေးနှုန်း ဖိတ်ခေါ်ခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စက်မှုအင်ဂျင်နီယာဌာန၊ သိမ်ဖြူသင်္ဘောကျင်းတွင် ရေကြောင်းဌာနမှ ကတော့ပုံဗော်ယာ (Conical Buoy) (No-8) အား အကြီးစားစစ်ဆေးပြုပြင်ခြင်း (Renovation) လုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသည်။ အထက်ပါ လုပ်ငန်းများအတွက် ဆောင်ရွက်ရမည့် ခန့်မှန်းခြေစာရင်းများကို တင်ဒါပုံစံ တွင် ပူးတွဲထားပါသည်။ အထက်ပါလုပ်ငန်းအတွက် လုပ်ခနှုန်းထားများ၊ လုပ်ငန်းရှင်မှ စိုက်ထုတ် ဆောင်ရွက်ရ မည့်ပစ္စည်းများ၏ နှုန်းထားများကို တွက်ချက်၍ တင်ဒါတင်သွင်းလွှာ ပုံစံတွင် ဖြည့်စွက်ပြီးပစ္စည်းနှင့် လုပ်အားခ ဆိုစျေးနှုန်းများ တင်သွင်းရန် ဖိတ်ခေါ်ပါသည်။

၂။ လုပ်ငန်းရှင်များသည် ဖော်ပြပါလုပ်ငန်းကိုစိတ်ဝင်စားပါကသတ်မှတ်ထားသည့်ပုံစံတွင် ပစ္စည်းနှင့် လုပ်ခ ဆိုစျေးနှုန်း များ ကိုတွက်ချက်ဖော်ပြ၍ စာအိတ်ဖြင့်ချိတ်ပိတ် တင်သွင်းနိုင်ပါသည်။

၃။ တင်ဒါတင်သွင်းရာတွင် ကတော့ပုံဗော်ယာ(Conical Buoy) (No-8) အား အကြီးစားစစ်ဆေးပြုပြင်ခြင်း (Renovation) လုပ်ငန်းများအတွက် စပေါ်ငွေကျပ်၈၀၀၀၀/- (ကျပ် ရှစ်သောင်း တိတိ)ကို တင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာနသို့ ပေးသွင်းရမည်။ စပေါ်ငွေပေးသွင်းထားသည့် ငွေရပြေစာမိတ္တူ (သို့မဟုတ်) ချလံမိတ္တူအား တင်ဒါတင်သွင်းလွှာ နှင့်အတူ ပူးတွဲတင်ပြရမည်။

၄။ ကန်ထရိုက်လုပ်ငန်းအတွက် တင်ဒါတင်သွင်းရာတွင် ပစ္စည်းနှင့်လုပ်အားခ ဆိုစျေးတင်သွင်းရမည့် ပုံစံများနှင့် တင်ဒါ စည်းကမ်းချက်ပါ စာရွက်စာတမ်းများကို ယနေ့မှစ၍ (၆-၆-၂၀၂၄) နေ့      ( ၁၂ : ၀၀ ) နာရီအတွင်း (ရုံးဖွင့်ရက်) ရုံးချိန်အတွင်း (သိမ်ဖြူသင်္ဘောကျင်း)တွင် လာရောက်ထုတ်ယူနိုင်ပါသည်။

၅။        တင်ဒါတင်သွင်းမှုဆိုင်ရာ အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

    (က) တင်ဒါတင်သွင်းရမည့်ရုံးလိပ်စာနှင့်      – နိုင်-လူ-တိုး သင်တန်းခန်းမ၊ ပထမထပ်

                                                                       မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

           လိပ်မူရမည့်ပုဂ္ဂိုလ်                        – ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စီစစ်ရေးကော်မတီ

    (ခ) စပေါ်ငွေပေးသွင်းရမည့်နောက်ဆုံး နေ့ရက်/အချိန် -(၆-၆- ၂၀၂၄)ရက်(၁၂:၀၀ )နာရီ

           နေရာ                                – စာရင်းဌာန(မြေညီထပ်)၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

                                                          အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့

     (ဂ) တင်ဒါတင်သွင်းရမည့် နောက်ဆုံး နေ့ရက်/အချိန်-(၆-၆- ၂၀၂၄)ရက်(၁၂:၀၀)နာရီ

     (ဃ) တင်ဒါဖွင့်လှစ်မည့်နေ့ရက်/အချိန်   – (၆-၆- ၂၀၂၄ )ရက်(၁၃:၀၀) နာရီ

နေရာ                                                –      နိုင်-လူ-တိုး သင်တန်းခန်းမ၊ ပထမထပ်

                                                                       မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

                                                                      အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။

၆။ တင်ဒါစိစစ်ရေးကော်မတီသည် စျေးနှုန်းအနည်းဆုံးတင်သွင်းသည့် တင်ဒါတင်သွင်းလွှာကိုဖြစ်စေ၊ မည်သည့် တင်ဒါ တင်သွင်းလွှာကိုဖြစ်စေလက်ခံခြင်းမပြုသင့်ဟုယူဆလျှင် ပယ်ဖျက်ခွင့်ရှိသည်။

၇။ အထက်ဖော်ပြပါလုပ်ငန်းနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ရုံးချိန်၌ သက်ဆိုင်ရာရုံးတွင် လာရောက် စုံစမ်းမေးမြန်းနိုင်ပါသည်။