MPA Logo

ရေကြောင်းဌာနတွင် အသုံးပြုရန် လိုအပ်သော Ulta High Molecular Weight Polyethylene Rope (UHMWPE Rope) (8) Item ဝယ်ယူခြင်းအတွက် အိတ်ဖွင့်တင်ဒါဖိတ်ခေါ်ခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်းဌာနမှ လိုအပ်သော Ultra High Molecular Weight Polyethylene Rope(UHMWPE Rope)(8) Items ကိုဝယ်ယူရေးကိစ္စအတွက်အိတ်ဖွင့် တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။ အဆိုပြုစျေးနှုန်း တွင် With Holding Tax 2% & Commercial Tax 5% အပါ အဝင်ဖြစ်ရန်နှင့် စာချုပ်တံဆိပ်ခေါင်းခွန် အတွက် ကုမ္ပဏီမှ ကျခံဆောင်ရွက်ပေးရန် ဖြစ်ပါသည်။အထက်ဖော်​​​ပြပါ ပစ္စည်းများကို ဌာနအရောက် ပေးပို့ရမည် ဖြစ်ပါသည်။​

၂။ တင်ဒါတင်သွင်းရာတွင် အခွန်ဦးစီးဌာနမှသက်ဆိုင်ရာ စည်းကြပ်နှစ်အလိုက် ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်(မိတ္တူ)၊ တင်ဒါစပေါ်ငွေပေးသွင်း ပြေစာ(မိတ္တူ) ၊ သက်တမ်းရှိ ကုမ္ပဏီ/ အရောင်းဆိုင်၏လိုင်စင်(မိတ္တူ)နှင့်အဆိုပြု စျေးနှုန်း တင်သွင်းမည့် ပစ္စည်း၏ Specification/ Catalogue တို့ကို ပြည့်စုံစွာ ပူးတွဲ တင်ပြရမည် ဖြစ်ပါသည်။ အထက်ပါ အချက် အလက်များ ပြည့်စုံစွာ ပူးတွဲ တင်ပြထားခြင်း မရှိပါက ဆိုဈေးအား လက်ခံ စဉ်းစားမည် မဟုတ်ပါ။

၃။ တင်ဒါတင်သွင်းရာတွင် ငွေကျပ် ၂,၀၀၀,၀၀၀/- (ကျပ် သိန်း နှစ်ဆယ် တိတိ) ကို တင်ဒါ စပေါ်ငွေ အဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာနတွင်၂၀၂၄ရက်နေ့၊ (၁၅:၀၀)နာရီ နောက်ဆုံး ပေးသွင်း ရန်ဖြစ်ပါသည်။

၄။ တင်ဒါတင်သွင်းရန်ပုံစံ နှင့် တင်ဒါစည်းကမ်းချက်များကိုတစ်စုံလျှင်ကျပ်၁၀,၀၀၀/-နှုန်းဖြင့်(၂၈-၅-၂၀၂၄) ရက်နေ့မှစ၍ (၄-၆-၂၀၂၄)ရက်နေ့ (ရုံးဖွင့်ရက်၊ရုံးချိန်)အတွင်း ဗဟိုပစ္စည်းထိန်းဌာန၊    မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ဗိုလ်တထောင်ဘုရား အနောက်ဖက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး၊ ကမ်းနားလမ်းတွင် လာရောက် ဝယ်ယူ နိုင်ပါသည်။

၅။ တင်ဒါတင်သွင်းရမည့်နေရာ၊ နေ့ရက်နှင့် အချိန်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) တင်ဒါတင်သွင်းရမည့်နေရာ – မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊
ပထမထပ်၊ အစည်းအဝေးခန်းမ၊ အမှတ်(၁၀)၊
ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်။
(“ဥက္ကဌ၊တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်” ဟု လိပ်မူ တင်သွင်း

ရန် ဖြစ်သည်)

(ခ) တင်ဒါတင်သွင်းရမည့်           –

နောက်ဆုံးနေ့ရက်/အချိန်

၆-၆-၂၀၂၄ရက်နေ့၊(၁၃:၀၀နာရီ) (အဆိုပါသတ်မှတ်ချိန်ထက်ကျော်လွန်ပါကလုံးဝလက်ခံမည်မဟုတ်ပါ)