MPA Logo

မာန်အောင်(၃) ရေယာဉ် ၏ Propulsion System ပြုပြင် လဲလှယ်ရန် လိုအပ်သော Spare Parts (27) Items/1-Lot ကို ဝယ်ယူရေးကိစ္စအတွက် အိတ်ဖွင့် တင်ဒါဖိတ်ခေါ်ခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စက်မှုအင်ဂျင်နီယာဌာနမှမှာကြားထားသော မာန်အောင်(၃) ရေယာဉ် ၏ Propulsion System ပြုပြင် လဲလှယ်ရန် လိုအပ်သော Spare Parts (27) Items/1-Lot ကို ဝယ်ယူရေးကိစ္စ အတွက် အိတ်ဖွင့် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။ အဆိုပြုစျေးနှုန်း တွင်With Holding Tax 2% & Commercial Tax 5 % အပါအဝင်ဖြစ်ရန်နှင့် စာချုပ် တံဆိပ်ခေါင်းခွန် အတွက် ကုမ္ပဏီမှကျခံ ဆောင်ရွက်ပေးရန်ဖြစ်ပါသည်။အထက်ဖော်​​​ပြပါပစ္စည်းများကို ဌာနအရောက် ပေးပို့ရမည် ဖြစ်ပါသည်။​

၂။ တင်ဒါတင်သွင်းရာတွင် အခွန်ဦးစီးဌာနမှ သက်ဆိုင်ရာ စည်းကြပ်နှစ်အလိုက် ထုတ်ပေးသည့် အခွန် ကင်းရှင်းကြောင်း ထောက်ခံချက် (မိတ္တူ)၊ တင်ဒါစပေါ်ငွေပေးသွင်း ပြေစာ(မိတ္တူ) ၊ သက်တမ်း  ရှိ ကုမ္ပဏီ/ အရောင်းဆိုင်၏လိုင်စင်(မိတ္တူ)နှင့်အဆိုပြု စျေးနှုန်း တင်သွင်းမည့် ပစ္စည်း၏ Specification/ Catalogue တို့ကို ပြည့်စုံစွာ ပူးတွဲ တင်ပြရမည် ဖြစ်ပါသည်။ အထက်ပါအချက် အလက်များ ပြည့်စုံစွာ ပူးတွဲ တင်ပြ ထားခြင်း မရှိပါက ဆိုဈေးအား လက်ခံ စဉ်းစားမည် မဟုတ်ပါ။

၃။ တင်ဒါတင်သွင်းရာတွင် ငွေကျပ် ၇၀၀,၀၀၀/-(ကျပ် ခုနှစ်သိန်း တိတိ) ကို တင်ဒါစပေါ်ငွေ အဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာနတွင် ၂၀၂၄ ရက်နေ့၊ (၁၅:၀၀)နာရီ နောက်ဆုံး ပေးသွင်းရန် ဖြစ်ပါသည်။

၄။ တင်ဒါတင်သွင်းရန်ပုံစံနှင့် တင်ဒါစည်းကမ်းချက်များကို တစ်စုံလျှင်ကျပ် ၅,၀၀၀/-နှုန်းဖြင့် (၁-၇-၂၀၂၄) ရက်နေ့မှစ၍ (၉-၇-၂၀၂၄)ရက်နေ့(ရုံးဖွင့်ရက်၊ ရုံးချိန်) အတွင်း ဗဟိုပစ္စည်းထိန်းဌာန၊  မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ ဗိုလ်တထောင်ဘုရား အနောက်ဖက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး၊ ကမ်းနားလမ်းတွင် လာရောက်ဝယ်ယူနိုင်ပါသည်။

၅။ တင်ဒါတင်သွင်းရမည့်နေရာ၊ နေ့ရက်နှင့်အချိန်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) တင်ဒါတင်သွင်းရမည့်နေရာ – မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊
ပထမထပ်၊ အစည်းအဝေးခန်းမ၊ အမှတ်(၁၀)၊
ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်။
(“ဥက္ကဌ၊တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်”
 ဟု လိပ်မူ တင်သွင်းရန် ဖြစ်သည်)
(ခ) တင်ဒါတင်သွင်းရမည့်           –

နောက်ဆုံးနေ့ရက်/အချိန်

၁၁-၇-၂၀၂၄ရက်နေ့၊(၁၃:၀၀နာရီ) (အဆိုပါသတ်မှတ်ချိန်ထက်ကျော်လွန်ပါကလုံးဝလက်ခံမည်မဟုတ်ပါ)