MPA Logo

ဌာနများတွင် အသုံးပြုရန်လိုအပ်သော ရုံးသုံးစာရေးကိရိယာများ ဝယ်ယူခြင်းအတွက် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်ခြင်း

၁။        မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရှိ ဌာနများတွင် အသုံးပြုရန် လိုအပ်သော ရုံးသုံးစာရေးကိရိယာ ပစ္စည်းများ ကို ဝယ်ယူရေးကိစ္စအတွက် အိတ်ဖွင့် တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။ အဆိုပြု စျေးနှုန်း တွင် With Holding Tax  2% & Commercial Tax 5% အပါအဝင်ဖြစ်ရန်နှင့် စာချုပ်တံဆိပ်ခေါင်းခွန် အတွက် ကုမ္ပဏီမှ ကျခံ ဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ အထက်ဖော်​​​ပြပါ ပစ္စည်းများကို ဌာနအရောက် ပေးပို့ရမည် ဖြစ်ပါသည်။​

၂။         တင်ဒါတင်သွင်းရာတွင် အခွန်ဦးစီးဌာနမှ သက်ဆိုင်ရာ စည်းကြပ်နှစ်အလိုက် ထုတ်ပေးသည့် အခွန် ကင်းရှင်းကြောင်း ထောက်ခံချက် (မိတ္တူ)  ၊ တင်ဒါစပေါ်ငွေ ပေးသွင်း ပြေစာ (မိတ္တူ) ၊ ကုမ္ပဏီ/အရောင်းဆိုင် ၏ သက်တမ်းရှိလိုင်စင်(မိတ္တူ)နှင့် အဆိုပြုစျေးနှုန်း တင်သွင်းမည့်ပစ္စည်း၏ အမျိုးအစား နှင့် နမူနာ ပစ္စည်း တို့ကို ပြည့်စုံစွာ ပူးတွဲ တင်ပြရမည် ဖြစ်ပါသည်။ အထက်ပါ အချက် အလက်များ ပြည့်စုံစွာ ပူးတွဲ တင်ပြထားခြင်း မရှိပါက ဆိုဈေး အား လက်ခံစဉ်းစားမည် မဟုတ်ပါ။

၃။        တင်ဒါ တင်သွင်းရာတွင် ငွေကျပ် ၂,၀၀၀,၀၀၀/- (ကျပ် သိန်း နှစ်ဆယ် တိတိ) ကို တင်ဒါ စပေါ်ငွေ အဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ၊ စာရင်းဌာနတွင် -၆-၂၀၂၄ ရက်နေ့၊  (၁၅:၀၀)နာရီ နောက်ဆုံး ပေးသွင်းရန် ဖြစ်ပါသည်။

၄။        တင်ဒါတင်သွင်းရန်ပုံစံနှင့် တင်ဒါစည်းကမ်းချက်များကို တစ်စုံလျှင် ကျပ် ၁၀,၀၀၀/- နှုန်းဖြင့် (၂၈-၅-၂၀၂၄) ရက်နေ့မှစ၍ (၄-၆-၂၀၂၄) ရက်နေ့ (ရုံးဖွင့်ရက်၊ ရုံးချိန်) အတွင်း ဗဟိုပစ္စည်းထိန်း ဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗိုလ်တထောင်ဘုရား အနောက်ဖက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး၊ ကမ်းနားလမ်းတွင် လာရောက် ဝယ်ယူနိုင်ပါသည်။

၅။        တင်ဒါတင်သွင်းရမည့်နေရာ၊ နေ့ရက်နှင့် အချိန်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) တင်ဒါတင်သွင်းရမည့်နေရာ – မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊
ပထမထပ်၊ အစည်းအဝေးခန်းမ၊ အမှတ်(၁၀)၊
ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်။
(“ဥက္ကဌ၊တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်”
 ဟု လိပ်မူတင်သွင်းရန် ဖြစ်သည်)
(ခ) တင်ဒါတင်သွင်းရမည့်           –

နောက်ဆုံးနေ့ရက်/အချိန်

၆-၆-၂၀၂၄ရက်နေ့၊(၁၃:၀၀နာရီ) (အဆိုပါသတ်မှတ်ချိန်ထက်ကျော်လွန်ပါကလုံးဝ

လက်ခံမည်မဟုတ်ပါ)