MPA Logo

ဇိနရေယာဉ် လွန်းတင်ပြုပြင်ခြင်း လုပ်ငန်းများအတွက် တင်ဒါဆို စျေးနှုန်း ဖိတ်ခေါ်ခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စက်မှုအင်ဂျင်နီယာဌာန၊ သိမ်ဖြူသင်္ဘောကျင်းတွင် ဇိနရေယာဉ်၏ ကိုယ်ထည် သံပြားလဲလှယ်ခြင်း၊ Carpenter work ၊ သံချေးခေါက်ဆေးသုတ်ခြင်းနှင့် Propulsion and Steering System စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများအတွက် ဆောင်ရွက်ရန်ရှိပါသည်။ အထက်ပါလုပ်ငန်းများအတွက် ဆောင်ရွက်ရမည့် ခန့်မှန်း ခြေစာရင်းများကို တင်ဒါပုံစံတွင် ပူးတွဲထားပါသည်။ အထက်ပါလုပ်ငန်းအတွက် လုပ်ခနှုန်းထားများ၊ လုပ်ငန်းရှင်မှ စိုက်ထုတ် ဆောင်ရွက်ရမည့် ပစ္စည်းများ၏ နှုန်းထားများကို တွက်ချက်၍ တင်ဒါတင်သွင်းလွှာပုံစံတွင် ဖြည့်စွက်ပြီး ပစ္စည်းနှင့် လုပ်အားခ ဆိုစျေးနှုန်းများ တင်သွင်းရန် ဖိတ်ခေါ်ပါသည်။

၂။ လုပ်ငန်းရှင်များသည် ဖော်ပြပါလုပ်ငန်းကိုစိတ်ဝင်စားပါကသတ်မှတ်ထားသည့်ပုံစံတွင် ပစ္စည်းနှင့် လုပ်ခ ဆို စျေးနှုန်း များကို တွက်ချက် ဖော်ပြ၍ စာအိတ်ဖြင့်ချိတ်ပိတ် တင်သွင်းနိုင်ပါသည်။

၃။ တင်ဒါတင်သွင်းရာတွင် ဇိနရေယာဉ်လွန်းတင်ပြုပြင်ခြင်းလုပ်ငန်းများအတွက် စပေါ်ငွေအားအဆိုပြုဈေး နှုန်းငွေ ပမာဏ၏ (၁%)ထက် မနည်းသော ငွေပမာဏကို တင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာနသို့ ပေးသွင်းရမည်။ စပေါ်ငွေပေးသွင်းထားသည့် ငွေရပြေစာမိတ္တူ (သို့မဟုတ်) ချလံမိတ္တူအား တင်ဒါ တင်သွင်းလွှာနှင့် အတူ ပူးတွဲတင်ပြရမည်။

၄။ ကန်ထရိုက်လုပ်ငန်းအတွက် တင်ဒါတင်သွင်းရာတွင် ပစ္စည်းနှင့်လုပ်အားခဆိုစျေးနှုန်းတင်သွင်းရမည့် ပုံစံများ နှင့် တင်ဒါ စည်းကမ်း ချက်ပါ စာရွက်စာတမ်းများကို ယနေ့မှစ၍ (၂၁-၁၁- ၂၀၂၄) နေ့  (၁၂ : ၀၀) နာရီအတွင်း (ရုံးဖွင့်ရက်) ရုံးချိန်အတွင်း (သိမ်ဖြူသင်္ဘောကျင်း) တွင် လာရောက်ထုတ်ယူနိုင်ပါသည်။

၅။ တင်ဒါတင်သွင်းမှုဆိုင်ရာ အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

  (က) တင်ဒါတင်သွင်းရမည့်ရုံးလိပ်စာနှင့် – နိုင်-လူ-တိုး သင်တန်းခန်းမ၊ ပထမထပ်

                                                                      မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

           လိပ်မူရမည့်ပုဂ္ဂိုလ်             – ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စီစစ်ရေးကော်မတီ

(ခ) စပေါ်ငွေပေးသွင်းရမည့်နောက်ဆုံးနေ့ရက်/အချိန်-(၂၁-၁၁- ၂၀၂၄)ရက်(၁၂:၀၀)

             နာရီ

           နေရာ                            -စာရင်းဌာန(မြေညီထပ်)၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

                                                      အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့

(ဂ) တင်ဒါတင်သွင်းရမည့်နောက်ဆုံး နေ့ရက်/အချိန်-(၂၁-၁၁-၂၀၂၄ )ရက်(၁၂ : ၀၀ )

               နာရီ

(ဃ) တင်ဒါဖွင့်လှစ်မည့်နေ့ရက်/အချိန်       – (၂၁-၁၁- ၂၀၂၄ ) ရက် (၁၃ : ၀၀ ) နာရီ

          နေရာ                                               – နိုင်-လူ-တိုး သင်တန်းခန်းမ၊ ပထမထပ်

                                                                     မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

                                                               အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။

၆။ တင်ဒါစိစစ်ရေးကော်မတီသည် စျေးနှုန်းအနည်းဆုံးတင်သွင်းသည့် တင်ဒါတင်သွင်းလွှာကိုဖြစ်စေ၊ မည်သည့် တင်ဒါတင်သွင်းလွှာ ကို ဖြစ်စေ လက်ခံခြင်းမပြုသင့်ဟုယူဆလျှင် ပယ်ဖျက်ခွင့်ရှိသည်။

၇။ အထက်ဖော်ပြပါလုပ်ငန်းနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ရုံးချိန်၌ သက်ဆိုင်ရာရုံး တွင် လာရောက်စုံစမ်းမေး မြန်းနိုင်ပါသည်။