၁။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အောက်ရှိ ဆူးလေဆိပ်ကမ်းဝင်းအတွင်းရှိသော သက်တမ်းကြာမြင့်ပြီး ဟောင်းနွမ်းချို့ယွင်း၍ သုံးစွဲခြင်း မရှိတော့သည့် နောက်တွဲယာဉ် (Trailer) (၄၁) စီး အား မျက်မြင် အခြေအနေအတိုင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်၍ သက်ဆိုင်ရာနေရာသို့ သွားရောက် ကြည်ရှု့ ပြီး စျေးနှုန်း တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည် –
(က) | တင်ဒါပုံစံစတင်ရောင်းချမည့်ရက် | – | ၂၇-၇-၂၀၂၂ မှ (၆-၈-၂၀၂၂) အထိ (ရုံးချိန်အတွင်း) |
(ခ) | တင်ဒါဖွင့်ဖောက်မည့်ရက် | – | ၁၁-၈-၂၀၂၂ ရက်နေ့ (၁၃:၀၀) နာရီ တွင် နောက်ဆုံးထား တင်သွင်းရန်နှင့် (၁၄:၀၀)နာရီတွင်တင်ဒါဖွင့်ဖေါက်မည်။ |
(ဂ) | တင်ဒါလျှောက်လွှာများ ရောင်းချ မည့်နေရာ | – | ကုန်လုပ်ငန်းဌာန၊ စီမံ/ဖွဲ့စည်းဌာနခွဲရုံး၊ ဆူးလေဆိပ်ကမ်း၊ ကမ်းနားလမ်းသစ်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။ |
(ဃ) | တင်ဒါတင်သွင်းရမည့်နေရာ | – | မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်) အမှတ်(၁၀)၊ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ် |
(င) | ဆက်သွယ်ရန်ဖုန်းနံပါတ် | – | ရုံး ၀၁ ၃၇၂ ၁၅၇ ၊ ၀၉ ၄၂၀ ၀၂၀ ၂၆၅ |