၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စတီဗီဒို ( ၂ ) ရေယာဉ်လွန်းတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ရှိပါသည်။ အထက်ပါလုပ်ငန်းများအတွက် ဆောင်ရွက်ရမည့် ခန့်မှန်းခြေစာရင်းများကို တင်ဒါပုံစံတွင် ပူးတွဲထားပါသည်။ အထက်ပါလုပ်ငန်းအတွက် လုပ်ခနှုန်းထားများ၊ လုပ်ငန်းရှင်မှ စိုက်ထုတ် ဆောင်ရွက်ရမည့် ပစ္စည်းများ၏ နှုန်းထား များကိုတွက်ချက်၍ တင်ဒါတင် သွင်းလွှာ ပုံစံတွင် ဖြည့်စွက်ပြီးပစ္စည်းနှင့် လုပ်အားခ ဆိုစျေးနှုန်းများတင်သွင်းရန် ဖိတ်ခေါ်ပါသည်။
၂။ လုပ်ငန်းရှင်များသည် ဖော်ပြပါလုပ်ငန်းကိုစိတ်ဝင်စားပါကသတ်မှတ်ထားသည့်ပုံစံတွင် ပစ္စည်းနှင့် လုပ်ခဆိုစျေးနှုန်း များကိုတွက်ချက်ဖော်ပြ၍ စာအိတ်ဖြင့်ချိတ်ပိတ် တင်သွင်းနိုင်ပါသည်။
၃။တင်ဒါတင်သွင်းရာတွင် စတီဗီဒို (၂) ရေယာဉ်လွန်းတင်ပြင်ဆင်ခြင်းလုပ်ငန်းများ အတွက် စပေါ်ငွေကျပ် ၂၀၀၀၀၀/- (ကျပ် နှစ်သိန်း တိတိ)ကို တင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ ပေးသွင်းရမည်။ စပေါ်ငွေ ပေးသွင်း ထားသည့် ငွေရပြေစာမိတ္တူသို့မဟုတ် ချလံမိတ္တူအား တင်ဒါနှင့်အတူပူးတွဲ တင်ပြရမည်။
၄။ ကန်ထရိုက်လုပ်ငန်းအတွက် တင်ဒါတင်သွင်းရာတွင် ပစ္စည်းနှင့်လုပ်အားခ ဆိုစျေးတင်သွင်းရမည့် ပုံစံများနှင့် တင်ဒါ စည်းကမ်းချက်ပါ စာရွက်စာတမ်းများကို ယနေ့မှစ၍ (၂၂-၆-၂၀၂၃) နေ့ ( ၁၂ : ၀၀ )နာရီအတွင်း (ရုံးဖွင့်ရက်) ရုံးချိန်အတွင်း(သိမ်ဖြူသင်္ဘောကျင်း)တွင် လာရောက်ထုတ်ယူနိုင်ပါသည်။
၅။ တင်ဒါတင်သွင်းမှုဆိုင်ရာ အချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။
(က) တင်ဒါတင်သွင်းရမည့်ရုံးလိပ်စာနှင့် – နိုင်-လူ-တိုး သင်တန်းခန်းမ၊ ပထမထပ်
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)
လိပ်မူရမည့်ပုဂ္ဂိုလ် – ဥက္ကဋ္ဌ၊ တင်ဒါလက်ခံရေးနှင့်စီစစ်ရေးကော်မတီ
(ခ) စပေါ်ငွေပေးသွင်းရမည့်နောက်ဆုံး နေ့ရက်/ အချိန် – ( ၂၂-၆- ၂၀၂၃) ရက် ( ၁၂ : ၀၀ ) နာရီ
နေရာ -စာရင်းဌာန(မြေညီထပ်)၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့
(ဂ) တင်ဒါတင်သွင်းရမည့် နောက်ဆုံး နေ့ရက်/ အချိန် – (၂၂- ၆ – ၂၀၂၃ ) ရက် ( ၁၂ : ၀၀ ) နာရီ
(ဃ) တင်ဒါဖွင့်လှစ်မည့်နေ့ရက်/အချိန် – (၂၂- ၆- ၂၀၂၃ ) ရက် ( ၁၃ : ၀၀ ) နာရီ
နေရာ – အစည်းအဝေးခန်းမ (၂)
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)
အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။