MPA Logo

၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွက် အသုံးပြုရန်လိုအပ်သော စက်သုံးဆီ ဝယ်ယူခြင်းအတွက် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်ခြင်း

၁။      မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် ဇူလိုင် လ အတွက် အသုံးပြုရန် လိုအပ်သော ဒီဇယ်ဆီ(High  Speed  Diesel)၊ ပရီမီယံဒီဇယ်ဆီ (Premium  High  Speed  Diesel)၊ ဓါတ်ဆီ (Octane-92) (မြန်မာကျပ်ငွေ) ဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့် တင်ဒါများအား ၁၈-၆၂၀၂၄ ရက်နေ့ ၊ (၁၃:၀၀)နာရီ နောက်ဆုံးထား တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာန ၊ ကမ်းနား လမ်း(ဗိုလ်တထောင်ဘုရား အနောက်ဖက်၊ ကွန်ကရစ်လမ်း၊Toll Gate အနီး) ၊ ဗိုလ်တထောင်မြို့နယ်တွင် (၅-၆-၂၀၂၄)ရက်နေ့မှ စ၍ (၁၈-၆-၂၀၂၄) ရက်နေ့ထိ ရုံးချိန်အတွင်း ဆက်သွယ် ဝယ်ယူနိုင်ပါကြောင်း နှင့် အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းအမှတ်၊ ၀၁-၈၆၁၀၂၃၀ နှင့် ၀၁-၈၆၁၀၂၃၂ တို့ကို ဆက်သွယ် စုံစမ်း နိုင်ပါသည်။