ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီဌာန၏ အသိပေးအကြောင်းကြားချက်အရ ကိုရီယား သမ္မတနိုင်ငံ EDCF ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော မြန်မာ – ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား တည်ဆောက်ရေးစီမံကိန်း၏ ဆင်ခြေလျှောတံတားများဖြစ်သော Ramp A နှင့် Ramp B တံတားများတွင် ကမ်းနားလမ်းသစ်ကို ဖြတ်သန်းတပ်ဆင် ရမည့် သံမဏိယက်မများ တပ်ဆင်ချိန်၌ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးအတွက် ကမ်းနားလမ်းသစ်၏ ပန်းဆိုးတန်း လမ်း နှင့် အလုံမြို့နယ် စံပယ်လမ်းထိပ်ကြား အပိုင်းအား အောက်ဖော်ပြပါနေ့ရက်များတွင် ယာယီလမ်း ပိတ်ပြီး လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ ဆိပ်ကမ်းတံတားများသို့ ဝင်ရောက်မည့် ကုန်သေတ္တာကားများ၊ ကုန်တင် ယာဉ်များအနေဖြင့် အဆိုပါနေ့ရက်များတွင် ကမ်းနားလမ်းကိုအသုံးပြု၍ ဝင်/ထွက်သွားလာကြရန် အသိပေး ကြေငြာ အပ်ပါသည်-
စဉ် |
ယာယီလမ်းပိတ်မည့် လမ်းအပိုင်း |
လမ်းပိတ်မည့်ကာလ |
ကြာချိန် |
မှတ်ချက် |
|
မှ |
ထိ |
||||
၁။ | ကမ်းနားလမ်းသစ်
(ပန်ဆိုးတန်းလမ်းထိပ်နှင့် အလုံ မြို့နယ်၊ စံပယ်လမ်းထိပ်ကြား အပိုင်း |
၁၈ – ၃ – ၂၀၂၃ | ၁၉ – ၃- ၂၀၂၃ | ၂ ရက် | |
၂၃ – ၃ – ၂၀၂၃ | ၂၃ – ၃ -၂၀၂၃ | ၁ ရက် | |||
၂၅ – ၃ – ၂၀၂၃ | ၂၇ – ၃ – ၂၀၂၃ | ၃ ရက် |