MPA Logo

သီလဝါ ဘက်စုံသုံး ကုန်သေတ္တာ ဆိပ်ကမ်းတံတား (Thilawa Multipurpose International Terminal – TMIT) အား နှစ်ရှည်လုပ်ငန်းလည်ပတ်စီမံခန့်ခွဲခွင့် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် ဘဏ္ဍာရေးနှင့် ဆိပ်ကမ်းဝန်ဆောင်မှုဆိုင်ရာ ရည်မှန်းချက်များကို ပုဂ္ဂလိကကဏ္ဍနှင့် အောင်မြင်စွာ ပူးပေါင်းအကောင်အထည်ဖော်နိုင်ရန် သီလဝါဆိပ်ကမ်းဧရိယာ ၏ အကွက်အမှတ် (၂၅) နှင့် (၂၆)ရှိ TMIT ဆိပ်ကမ်း တံတားအား လုပ်ငန်းအတွေ့အကြုံ/နည်းပညာပြည့်စုံသော  ပြည်တွင်း/ပြည်ပမှ ဆိပ်ကမ်းတံတားဝန်ဆောင်မှု ကုမ္ပဏီကြီးများအနက် တင်ဒါ စည်းကမ်းများနှင့် အမြင့်ဆုံးကိုက်ညီမှုရှိသည့် ကုမ္ပဏီ တစ်ခုအား နှစ်ရှည်လုပ်ငန်း လည်ပတ်စီမံခန့်ခွဲခွင့်ပြုနိုင်ရေးအတွက် အစိုးရတင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ စိစစ်ရွေးချယ်ပြီး လုပ်ပိုင်ခွင့်ဆိုင်ရာသဘောတူစာချုပ်ကို နှစ်ဖက်ချုပ်ဆို၍ နှစ်ရှည် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသည့် ဆိပ်ကမ်းလုပ်ငန်းအတွေ့အကြုံရှိ ကုမ္ပဏီကြီးများအနေဖြင့် တင်ဒါ အဆိုပြုလွှာများ နှင့် လျှောက်လွှာများကို အောက်ပါအတိုင်း ဝယ်ယူတင်သွင်းနိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည်-

(က) တင်ဒါအဆိုပြုလွှာများ  –  ၂၀-၁-၂၀၂၅ မှ ၁၈-၂-၂၀၂၅ အထိ (ရုံးချိန်အတွင်း

ရောင်းချမည့်ရက်          ၀၉: ၃၀ နာရီမှ  ၁၆:၃၀ နာရီ အထိ)

            (ခ) တင်ဒါအဆိုပြုလွှာများ – နိုင်ငံတကာဆက်ဆံရေးနှင့် လူ့စွမ်းအားအရင်းအမြစ်

ဝယ်ယူရမည့်နေရာ      ဖွံ့ဖြိုးတိုးတက်ရေးဌာန၊  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

(ရုံးချုပ်)၊ပထမထပ်၊အမှတ် ၁၀၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

( ဂ ) တင်ဒါအကြိုရှင်းလင်း  – ၁၃-၂-၂၀၂၅ (၁၃း၀၀)နာရီ၊သင်တန်းခန်းမ၊

မည့်ရက်၊ အချိန်၊ နေရာ   မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊ ပထမထပ်၊

အမှတ်၁၀၊ ပန်းဆိုးတန်းလမ်း၊ကျောက်တံတားမြို့နယ်၊

ရန်ကုန်မြို့။

(ဃ) တင်ဒါအဆိုပြုလွှာများ-၂၀-၂-၂၀၂၅(၁၃း၀၀)နာရီနောက်ဆုံးထားတင်သွင်းရန်။

            တင်သွင်းရမည့်ရက်၊အချိန်

(င)တင်ဒါအဆိုပြုလွှာများ -သင်တန်းခန်းမ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊

    တင်သွင်းရမည့်နေရာ           ပထမထပ်၊အမှတ် ၁၀၊ ပန်းဆိုးတန်းလမ်း၊

ကျောက်တံတားမြို့နယ်၊  ရန်ကုန်မြို့။

၃။ သတ်မှတ်ချက်ရက်/အချိန်ထက် နောက်ကျတင်သွင်းသောတင်ဒါအဆိုပြုလွှာများအား လက်ခံစဉ်းစားမည် မဟုတ်ကြောင်းအသိပေးအပ်ပါသည်။

၄။ အသေးစိတ်သိရှိလိုပါက အောက်ပါ ဖုန်းနံပါတ်နှင့် email များတွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်-

(က)  ဖုန်း – ၀၁-၈၃၉၁၂၇၂၊ ၀၁-၈၃၉၁၂၇၃ ၊ ၀၉- ၅၁၄၆၆၃၇

(ခ )   E-mail: tmit.tender@gmail.com, dgmirhr@mpa.gov.mm