MPA Logo

new banner

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကော့သောင်းဆိပ်ကမ်းအား သွားရောက် ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ နိုဝင်ဘာ ၇

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကော့သောင်းဆိပ်ကမ်း သို့ရောက်ရှိရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးက တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းခရိုင်၌ မြို့မဆိပ်ခံတံတား၊ ဘုရင့်နောင်ဆိပ်ခံတံတား၊ တော်ဝင်ကွန်ကရိ ဆိပ်ခံတံတားနှင့် ဘုတ်ပြင်းမြို့နယ်ရှိ ကျောက်ထနောင်း ကွန်ကရိဆိပ်ခံတံတားများ၏ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ၊ ဝင်ငွေရှာဖွေပေးနေမှုအခြေအနေများကိုလည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးနည်းလမ်းဖြင့် ရန်ကုန်-ကော့သောင်း-ရနောင်းနှင့် ရနောင်း-ကော့သောင်း – ရန်ကုန် ခရီးစဉ်ဖြင့် ကမ်းရိုးတန်းသွား သင်္ဘောငယ်များ အသုံးပြု၍ ကုန်သေတ္တာ စနစ်ဖြင့် ကုန်စည်များတင်ပို့နေမှုများကို အသေးစိတ် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တော်ဝင်ဆိပ်ခံတံတားတွင် ဆိုက်ကပ်ထားသော MCL 4 ရေယာဉ်ပေါ်သို့ တက်ရောက်ကြည့်ရှုစစ်ဆေးပြီး တရားမဝင်ကုန်စည်ပါဝင်မှု မရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးအတွက် လုပ်ထုံးလုပ်နည်းနှင့် အညီ နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။