MPA Logo

8″x3″x6M C-Channel(12-Lengths),M.S Plate 8’x4’x16 mm (32.5-Sheets),25 mmφ Deformed Bar(8-Tons),Electrode No.8(108-Pkts),Oxygen(201 – Nos), Propane (201 – Viss)တို့ကို ဝယ်ယူရေးကိစ္စအတွက်အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်ခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြို့ပြအင်ဂျင်နီယာဌာနမှ ဝယ်ယူပေးရန်မှာကြားလာသည့် 8″ x  3″ x 6M C-Channel (12 – Lengths),M.S Plate 8′ x 4’x 16 mm (32.5 – Sheets),25 mmφ Deformed Bar(8 -Tons),Electrode No.8(108-Pkts),Oxygen (201 – Nos),Propane (201 – Viss)တို့ကို ဝယ်ယူ ရေးကိစ္စအတွက်အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။အဆိုပြု စျေးနှုန်းတွင် With Holding Tax 2% & Commercial Tax 5% အပါအဝင်ဖြစ်ရန်နှင့် စာချုပ် တံဆိပ်ခေါင်းခွန်အတွက် ကုမ္ပဏီမှကျခံဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ အထက်ဖော်ပြပါ ပစ္စည်းများ ကို ဌာနအရောက်ပေးပို့ရမည်ဖြစ်ပါသည်။​

၂။ တင်ဒါတင်သွင်းရာတွင်အခွန်ဦးစီးဌာနမှ သက်ဆိုင်ရာ စည်းကြပ်နှစ် အလိုက် ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်(မိတ္တူ)၊ တင်ဒါစပေါ်ငွေပေးသွင်းပြေစာ(မိတ္တူ)၊ ကုမ္ပဏီ/အရောင်းဆိုင်၏ သက်တမ်းရှိလိုင်စင်(မိတ္တူ)နှင့် အဆိုပြု စျေးနှုန်း တင်သွင်းမည့်ပစ္စည်း၏အမျိုးအစား တို့ကိုပြည့်စုံစွာပူးတွဲ တင်ပြရမည်ဖြစ်ပါသည်။အထက်ပါ အချက်အလက်များ ပြည့်စုံစွာ ပူးတွဲတင်ပြ ထားခြင်း မရှိပါက ဆိုဈေးအား လက်ခံစဉ်းစားမည် မဟုတ်ပါ။

၃။ တင်ဒါတင်သွင်းရာတွင်ငွေကျပ် ၉၀၀,၀၀၀/-(ကျပ် ကိုးသိန်းတိတိ) ကို တင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာနတွင် ၁၆၂၀၂၄ ရက်နေ့၊ (၁၅:၀၀)နာရီ နောက်ဆုံး ပေးသွင်းရန် ဖြစ်ပါသည်။

၄။ တင်ဒါတင်သွင်းရန်ပုံစံနှင့် တင်ဒါစည်းကမ်းချက်များကို တစ်စုံလျှင်ကျပ် ၅,၀၀၀/-နှုန်းဖြင့် (၉-၇-၂၀၂၄)ရက်နေ့မှစ၍ (၁၆-၇-၂၀၂၄)ရက်နေ့ (ရုံးဖွင့်ရက်၊ ရုံးချိန်) အတွင်းဗဟိုပစ္စည်းထိန်းဌာန၊မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ ဗိုလ်တထောင်ဘုရား အနောက်ဖက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး၊ ကမ်းနားလမ်းတွင် လာရောက်ဝယ်ယူနိုင်ပါသည်။

၅။ တင်ဒါတင်သွင်းရမည့်နေရာ၊ နေ့ရက်နှင့် အချိန်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) တင်ဒါတင်သွင်းရမည့်နေရာ – မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊
ပထမထပ်၊ အစည်းအဝေးခန်းမ၊ အမှတ်(၁၀)၊
ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်။
(“ဥက္ကဌ၊တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်” ဟု လိပ်မူ တင်သွင်းရန် ဖြစ်သည်)
(ခ) တင်ဒါတင်သွင်းရမည့်         –

နောက်ဆုံးနေ့ရက်/အချိန်

၁၈-၇-၂၀၂၄ရက်နေ့၊(၁၃:၀၀နာရီ) (အဆိုပါသတ်မှတ်ချိန်ထက်ကျော်လွန်ပါကလုံးဝလက်ခံမည်မဟုတ်ပါ)