MPA Logo

၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွက် အသုံးပြုရန်လိုအပ်သော စက်သုံးဆီ ဝယ်ယူခြင်းအတွက် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်ခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ၂၀၂၄-၂၀၂၅ခု၊ဘဏ္ဍာရေးနှစ်၊ သြဂုတ်လအတွက် အသုံးပြုရန်လို အပ်သော ဒီဇယ်ဆီ(High  Speed  Diesel) ၊ ပရီမီယံ ဒီဇယ်ဆီ (Premium  High  Speed  Diesel)၊ ဓါတ်ဆီ (Octane-92) (မြန်မာကျပ်ငွေ) ဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့် တင်ဒါများအား ၁၈-၇၂၀၂၄ ရက်နေ့ ၊ (၁၃:၀၀)နာရီ နောက်ဆုံးထား တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာန ၊ ကမ်းနား လမ်း(ဗိုလ်တထောင်ဘုရား အနောက်ဖက်၊ ကွန်ကရစ်လမ်း၊Toll Gate အနီး)၊ဗိုလ်တထောင်မြို့နယ်တွင်(၃-၇-၂၀၂၄)ရက်နေ့မှစ၍(၁၆-၇ -၂၀၂၄) ရက်နေ့ထိ ရုံးချိန်အတွင်း ဆက်သွယ် ဝယ်ယူနိုင်ပါကြောင်း နှင့် အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းအမှတ်၊ ၀၁-၈၆၁၀၂၃၀ နှင့် ၀၁-၈၆၁၀၂၃၂ တို့ကို ဆက်သွယ် စုံစမ်း နိုင်ပါသည်။