MPA Logo

Port Reception Facilities Service

ဆိပ်ကမ်းနယ်နိမိတ်အတွင်း သင်္ဘောများမှ စွန့်ပစ်ပစ္စည်းများကို လက်ခံသိမ်းဆည်း၍ သန့်စင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် Port Reception Service Provider လုပ်ငန်း ဆောင်ရွက်ရာတွင် ပါဝင်ရမည့်အချက်များ

 

၁။      ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံလိပ်မူ၍ သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာပါမည်ဟု ဝန်ခံချက်ဖြင့် ဆိပ်ကမ်းနယ်နိမိတ်အတွင်း သင်္ဘော များမှ စွန့်ပစ်ပစ္စည်းများ လက်ခံသိမ်းဆည်းသည့် လုပ်ငန်းလုပ်ကိုင်ခွင့် လျှောက်လွှာတင်ပြရမည်။

၂။       Port Reception Facility နှင့် သက်ဆိုင်သည့်  အောက်ဖော်ပြပါ သတင်းအချက်အလက် များနှင့် Plan/ Drawing များကို တင်ပြရမည်-

(က) လက်ခံရယူမည့် စွန့်ပစ်ပစ္စည်းအမျိုးအစား

(ခ) သန့်စင်သည့် နည်းစနစ်နှင့် စံသတ်မှတ်ချက်

(ဂ) အသုံးပြုသည့် စက်ကိရိယာများနှင့် တည်ဆောက်ထားရှိပုံ

၃။      သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမှကာကွယ်တားဆီးရန်အတွက် ရေးဆွဲထားသည့် Emergency Plan

၄။      ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာဌာနများမှ ခွင့်ပြုချက်

၅။      လက်ခံရယူနိုင်သည့် စွန့်ပစ်အမျိုးအစားနှင့် နှုန်းထား

၆။      ကုမ္ပဏီမှတ်ပုံတင်လက်မှတ်

၇။      အခွန်ကင်းရှင်းကြောင်းလက်မှတ်

 

 ဆိပ်ကမ်းနယ်နိမိတ်အတွင်း သင်္ဘောများမှ စွန့်ပစ်ပစ္စည်းများကို လက်ခံသိမ်းဆည်း၍ သန့်စင်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့် လိုက်နာရမည့် စည်းကမ်းချက်များ

၁။      ဆိပ်ကမ်းနယ်နိမိတ်အတွင်း သင်္ဘောများမှ စွန့်ပစ်ပစ္စည်းများကို လက်ခံသိမ်းဆည်းသည့် လုပ်ငန်း လုပ်ကိုင်ခွင့် သက်တမ်းကို(တစ်)နှစ်သာ ခွင့်ပြုပါသည်။ လုပ်ကိုင်ခွင့် သက်တမ်းတိုး လျှောက်ထားရာတွင် သက်တမ်းမစေ့မီ(တစ်)လ ကြိုတင်၍ လျှောက်ထားရမည်။

၂။       လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည် လုပ်ကိုင်ခွင့်သက်တမ်း သတ်မှတ်ကာလ ပြည့်မြောက်ပါက လုပ်ငန်းဆောင်ရွက်ခြင်းကို ချက်ချင်း ရပ်ဆိုင်းရမည်။

၃။      လက်ခံရယူရှင်းလင်းပေးနိုင်သည့် စွန့်ပစ်ပစ္စည်း အမျိုးအစားနှင့် နှုန်းထား အပြောင်းအလဲ ရှိပါက ကြိုတင်ခွင့်ပြုချက်ရယူရမည်။

၄။      အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်နှင့် ရေကြောင်းဆိုင်ရာ အဖွဲ့အစည်းများ၏ စံချိန် စံညွှန်းသတ်မှတ်ချက်များနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိရမည်။

၅။      သင်္ဘောများမှ စွန့်ပစ်ပစ္စည်း လက်ခံရှင်းလင်းပေးသည့် စာရင်းကို လစဉ် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သို့ တင်ပြရမည်။

၆။      ဤလုပ်ငန်းလုပ်ကိုင်ခွင့်အရ ခွင့်ပြုထားသောလုပ်ငန်းမှအပ အခြားလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ခွင့်မရှိ။ အခြား တစ်ဦးဦးသို့ လွှဲပြောင်းလုပ်ကိုင်စေခြင်း မပြုရ။

၇။      လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိထားသူသည် နိုင်ငံတော်၊ ပြည်ထောင်စုဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့မှ ပြဌာန်းထုတ်ပြန်ထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ စည်းမျဉ်း စည်းကမ်းများကို တိကျစွာလိုက်နာ ဆောင်ရွက်ရမည်။

၈။     လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကွဲလွဲသော ခွင့်ပြုချက်ကို စာအားဖြင့် မရရှိသရွေ့ကာလပတ်လုံး ဆိုခဲ့သော လုပ်ငန်းကို ဖော်ပြထားသော စည်းကမ်းချက် များအတိုင်းသာ တိကျစွာ လိုက်နာဆောင်ရွက်ရမည်။ စည်းကမ်းချက်အား လိုက်နာရန် ပျက် ကွက်ပါက လုပ်ငန်းလုပ် ကိုင်ခွင့် ပိတ်သိမ်းခြင်းခံရမည်။

၉။      စွန့်ပစ်ပစ္စည်းများသယ်ယူ၊ ထိန်းသိမ်း၊ သန့်စင်ရာတွင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော တည်ဆဲဥပဒေများအရ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်၊ ကြော်ငြာစာ၊ ညွန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရမည်။

၁၀။    အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်ပါက ငြိမ်းချမ်းသောနည်းလမ်းဖြင့် နှစ်ဦးနှစ်ဖက် ဖြေရှင်းရမည်ဖြစ်ပြီး၊ ထိုသို့ ဖြေရှင်းနိုင်ခြင်းမရှိလျှင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန် ကြားရေးမှူး၏ အဆုံးအဖြတ်သည် နောက်ဆုံးအတည်ဖြစ်ပြီး အငြင်းပွားသူတို့နှစ်ဦးက လိုက်နာ ရမည်။