MPA Logo

ထားဝယ်ရေယာဉ် လွန်းတင်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် လီမိတက် တင်ဒါဆိုဈေးနှုန်း ဖိတ်ခေါ်ခြင်း

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊စက်မှုအင်ဂျင်နီယာဌာန၊ အံ့ကြီးသင်္ဘောကျင်းတွင် ရေကြောင်းဌာနမှ ထားဝယ်ရေယာဉ် လွန်းတင် ပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်ရန် ရှိပါသည်။ အထက်ပါလုပ်ငန်းများအတွက် ဆောင်ရွက် ရမည့် ခန့်မှန်းခြေစာရင်း များကိုတင်ဒါပုံစံတွင် ပူးတွဲထားပါသည်။ အထက်ပါလုပ်ငန်းအတွက် လုပ်ခနှုန်းထားများ၊ လုပ်ငန်းရှင်မှ စိုက်ထုတ်ဆောင်ရွက်ရမည့် ပစ္စည်းများ၏ နှုန်းထားများကို တွက်ချက်၍ တင်ဒါတင်သွင်းလွှာပုံစံတွင် ဖြည့်စွက်ပြီး ပစ္စည်းနှင့် လုပ်အားခ ဆိုစျေးနှုန်းများတင်သွင်းရန် ဖိတ်ခေါ်ပါသည်။

၂။ လုပ်ငန်းရှင်များသည် ဖော်ပြပါလုပ်ငန်းကို စိတ်ဝင်စားပါက သတ်မှတ်ထားသည့်ပုံစံတွင် ပစ္စည်းနှင့် လုပ်ခ ဆိုစျေးနှုန်းများကို တွက်ချက်ဖော်ပြ၍ စာအိတ်ဖြင့်ချိတ်ပိတ်တင်သွင်းနိုင်ပါသည်။

၃။ တင်ဒါ တင်သွင်းရာတွင် ထားဝယ်ရေယာဉ် လွန်းတင်ပြင်ဆင်ခြင်း လုပ်ငန်းအတွက်ငွေကျပ် -၂၀၀,၀၀၀/- (ကျပ်နှစ်သိန်းတိတိ) ကို တင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာနသို့ ပေးသွင်းရမည်။ စပေါ်ငွေ ပေးသွင်းထားသည့် ငွေရပြေစာမိတ္တူ (သို့) ချလံမိတ္တူအား တင်ဒါတင်သွင်းလွှာနှင့်အတူ ပူးတွဲတင်ပြရမည်။

၄။ ကန်ထရိုက်လုပ်ငန်းအတွက် တင်ဒါတင်သွင်းရာတွင် ပစ္စည်းနှင့် လုပ်အားခဆို‌စျေးနှုန်း တင်သွင်းရမည့် ပုံစံများနှင့် တင်ဒါ စည်းကမ်းချက်ပါ စာရွက်စာတမ်းများကို ယနေ့မှစ၍(၁၃-၆-၂၀၂၄)နေ့(၁၂:၀၀)နာရီအတွင်း(ရုံးဖွင့်ရက်) ရုံးချိန်အတွင်း (အံ့ကြီး သင်္ဘော ကျင်း) တွင် လာရောက်ထုတ်ယူနိုင်ပါသည်။

၅။ တင်ဒါတင်သွင်းမှုဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က) တင်ဒါတင်သွင်းရမည့် ရုံးလိပ်စာနှင့်      – နိုင်-လူ-တိုး  သင်တန်းခန်းမ ၊ ပထမထပ်

                                                                   မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (ရုံးချုပ်)

         လိပ်မူရမည့်ပုဂ္ဂိုလ်                        – ဥက္ကဋ္ဌ၊တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

(ခ) စပေါ်ငွေပေးသွင်းရမည့်နောက်ဆုံးနေ့ရက်/အချိန်- (၁၃- ၆-၂၀၂၄)ရက်(၁၂:၀၀ )နာရီ

               နေရာ                     စာရင်းဌာန(မြေညီထပ်)၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

                                                      အမှတ်(၁၀)၊ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။

(ဂ) တင်ဒါတင်သွင်းရမည့်နောက်ဆုံးနေ့ရက်/အချိန်  – (၁၃-၆-၂၀၂၄)ရက်(၁၂:၀၀)နာရီ

(ဃ)တင်ဒါတင်ဖွင့်လှစ်မည့်နေ့ရက်/အချိန် – (၁၃-၆-၂၀၂၄)ရက်(၁၃:၀၀)နာရီ

        နေရာ                            စာရင်းဌာန(မြေညီထပ်)၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)

အမှတ်(၁၀)၊ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။

၆။ တင်ဒါစီစစ်ရေးကော်မတီသည် စျေးနှုန်းအနည်းဆုံးတင်သွင်းသည့် တင်ဒါတင်သွင်းလွှာကိုဖြစ်စေ၊ မည်သည့်တင်ဒါတင်သွင်း လွှာကိုဖြစ်စေ လက်ခံခြင်းမပြုသင့်ဟုယူဆလျှင် ပယ်ဖျက်ခွင့်ရှိသည်။

၇။ အထက်ဖော်ပြပါ လုပ်ငန်းနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကိုရုံးချိန်၌ သက်ဆိုင်ရာရုံးတွင် လာရောက်စုံစမ်း မေးမြန်းနိုင်ပါသည်။