၁။ ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် အသုံးပြုရန် လိုအပ်သော (၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ နှင့်မတ်လတို့အတွက်) ဒီဇယ်ဆီ (High Speed Diesel) ၊ ပရီမီယံ ဒီဇယ်ဆီ (Premium High Speed Diesel) နှင့် ဓါတ်ဆီ (Octane-92) တို့ကို မြန်မာကျပ်ငွေ ဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့် တင်ဒါများအား ၂–၂–၂၀၂၃ ရက်နေ့ ၊ (၁၃:၀၀) နာရီ နောက်ဆုံး ထား တင်သွင်းရန် ဖိတ်ခေါ်အပ် ပါသည်။
(က) ဒီဇယ်ဆီ (High Speed Diesel) ၊ ပရီမီယံဒီဇယ်ဆီ (Premium High Speed Diesel) နှင့် ဓါတ်ဆီ (Octane-92) (ဖေဖော်ဝါရီလအတွက်)
(ခ) ဒီဇယ်ဆီ (High Speed Diesel) ၊ ပရီမီယံဒီဇယ်ဆီ (Premium High Speed Diesel) နှင့် ဓါတ်ဆီ (Octane-92) (မတ်လအတွက်)
၂။ တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား အနောက်ဖက်၊ ကွန်ကရစ်လမ်း ၊ Toll Gate အနီး) ၊ ဗိုလ်တထောင်မြို့နယ် တွင် (၁၆-၁-၂၀၂၃) ရက်နေ့မှ စ၍ (၃၁-၁-၂၀၂၃) ရက်နေ့ထိ ရုံးချိန်အတွင်း ဆက်သွယ် ဝယ်ယူနိုင်ပါကြောင်း နှင့် အသေးစိတ် သိရှိလိုပါက တယ်လီဖုန်းအမှတ်၊ ၀၁-၈၆၁၀၂၃၀ နှင့် ၀၁-၈၆၁၀၂၃၂ တို့ကို ဆက်သွယ် စုံစမ်း နိုင်ပါသည်။