၁။မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ သက်တမ်းလွန်ရေယာဉ်(၅)စီးအား စာရင်းမှပယ်ဖျက်နိုင်ရေး အောက် ပါ Lot တွဲ(၃)တွဲခွဲ၍ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ထုခွဲရောင်းချသွားမည်ဖြစ်ပါသည် –
(က) Lot(1)။ ရတနာသိင်္ခသောင်တူးရေယာဉ် အလျား(၆၅.၃၈)မီတာ ၊ အနံ(၁၄)မီတာ၊ ရေစူး (၁.၆၂)မီတာ၊ (သံခွံအမျိုးအစား)
(ခ) Lot (2)
(၁) ဟေမရေယာဉ် အလျား (၇၅.၅)ပေ၊ အနံ(၂၀)ပေ၊ ရေစူး (၅)ပေ (သံခွံအမျိုးအစား)
(၂) မြေတူး-၆ အလျား(၂၂.၇)မီတာ၊ အနံ (၈.၂၆)မီတာ၊ ရေစူး(၀.၉)မီတာ (သံခွံအမျိုးအစား)
(ဂ) Lot (3)
(၁) မြေခံအမှတ်(၁၃) အလျား(၃၇.၆)မီတာ၊အနံ(၇.၅)မီတာ၊ရေစူး၁.၁မီတာ၊သံခွံအမျိုးအစား
(၂) မြေခံအမှတ်(၁၉)အလျား (၃၇.၆)မီတာ၊အနံ(၇.၅)မီတာ၊ရေစူး၁.၁မီတာ၊သံခွံအမျိုးအစား
၂။စိတ်ပါဝင်စားသူများအနေဖြင့် ထုခွဲရောင်းချမည့် Lot တွဲအလိုက်ရေယာဉ်များအား မျက်မြင် အခြေအနေအတိုင်း ကြည်ရှုလေ့လာ၍ အိတ်ဖွင့်စနစ်ဖြင့် တင်ဒါဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး တင်ဒါပုံစံ နှင့် တင်ဒါစည်းကမ်းချက်များအား အောက်ပါအတိုင်း ရောင်းချပေးမည်ဖြစ်ပါသည် –
(က) တင်ဒါပုံစံရောင်းချပေးမည့်နေ့ရက် /အချိန် – ၂၄-၁၁-၂၀၂၂မှ ၆-၁၂-၂၀၂၂ထိ(ရုံးချိန်အတွင်း)
(ခ) ရောင်းချပေးမည့်နေရာ – မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ဗဟိုပစ္စည်းထိန်းဌာန၊ ကွန်ကရစ်လမ်း
Toll Gate အနီး ၊ဗိုလ်တထောင်
(ဂ) တင်ဒါတင်သွင်းရမည့် ရက်/အချိန် – ၈-၁၂-၂၀၂၂ ( ၁၃ : ၀၀)နာရီ
(တင်ဒါလျှောက်လွှာများလက်ခံပြီးပါက ဖွင့်ဖောက်/စိစစ်/ကြေငြာခြင်းအား တစ်ဆက်တည်း
ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါသည်။)
(ဃ) တင်ဒါတင်သွင်းရမည့်နေရာ– အမှတ်(၁၀)ပန်းဆိုးတန်းလမ်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
ရုံးချုပ်၊ကျောက်တံတားမြို့နယ်